Friday, September 12, 2025

အရဟံ သိဒ္ဒိ ဘဂဝါ အောင်

အရဟံ

လူ နတ် ဗြဟ္မာ သတ္တဝါ တို့​၏  ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာ ဘုရား။

သိဒ္ဒိ

မိမိဖြစ်ချင်တာ အောင်မြင်ချင်တာ ကိစ္စပြီးလိုတာ ကို သိဒ္ဒိ ဟုခေါ်ပါတယ်။

ဘဂဝါ

ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။

ဘုန်းတော်ခြောက်ပါး

၁။ ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။

၂။ ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၃။ ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၄။ သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၅။ ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။

၆။ ပယတ္တဘုန်းတော် - အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

အောင်

လောကီ လောကုတ္တရာ အောင်မြင်ရာ​၏။

No comments: