Sunday, September 1, 2024

ဆယ်တော်မူဘုရား ဂါထာတော်

ကကုသန္ဓော ကောဏဂမနော
ကဿပေါ ဂေါတမော
မုနိဆယ်ထား ဆယ်တော်မူမြတ်စွာဘုရား
မေတ္တယျော ပဉ္စဗုဒ္ဓေါတေ
သိသေမေသန္တ သဗ္ဗဒါ
ဧတေသံ အာနုဘာဝေန
ရက္ခဒေဝါ မဟိဒ္ဓိကာ
သဗ္ဗေသုခိတာ ဟောန္တု
မေတ္တ သဟာယကာ။


ဤဂါထာ၏ အနက် အဓိိပ္ပါယ်သည် 

ဘုရားငါးဆူ တပည့်တော်တို့၏ ဦးထိိပ်၌ အခါမပြတ်် တည်တော်မူပါဘုရား။ 

ထိို ဘုရားငါးဆူတို့၏ တန်ခိုးတေဇော် အာနုဘော်တို့ကြောင့် တန်ခိုးကြီးသောနတ်မင်း၊တန်ခိုးကြီးသောဘီလူးမင်းများ အားလုံးတို့သည် ကျန််းမာချမ်းသာကြပါစေ။ အကျွန်ုပ်တို့၏ ဆွေမျိူး ဉာတကာ 

မိိတ်ဆွေအရာမှာ တည်ကြပါစေသတည််း။ အလုံးစုံသော သတ္တဝါတို့လည်းဘုရားငါးဆူ၏ တန်ခိုးတော်ကြောင့် ချမ်းသာကြပါစေကုန်သတည်း။

မှတ်သားရန်

ဂါထာ၏ ပထမ စာပိုဒ်သည် ဘုရားငါးဆူအားမိမိတို့ ဦးခေါင်းထက် အရင်ပင့်ဖိတ်စေခြင်း။ 

ဒုတိိယ စာပိုဒ်သည် ထိုမိိမိ၏ ဦးထိပ်၌ ရှိသော ဘုရားငါးဆူ၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်တန်ခိုးကြီးသော နတ်မင်းတွေ ၊ ဘီလူးမင်းတွေ ချမ်းသာပါစေ။ ငါ၏ မိတ်ဆွေအရာ၌တည်ကြပါစေ။ 

အလုံးစုံသော သတ္တဝါတွေလည််း ချမ်းသာကြပါစေ ဟူသော ဘုရားပင့်ခြင်း၊ နတ်တွေကို မေတ္တာပို့ကာမိတ်ဖွဲ့ခြင်း တည်းဟူသော အနက်မှာ အလွန်ကောင်းမွန်၍ အကျိူးအနန္တ ဖြာဝေနိုင်သည်။ 

ဂါထာကို တစ်နေ့ အနည်းဆုံး ကိုးခေါက် ပူဇော်ခြင်းဖြင့် 

ရောက်လေရာ ဒေသများရှိ နတ်ဒေဝတာများ အထူး ချစ်ခင် စောင့်ရှောက်ခြင်း။ 

ရောက်လေရာ အစားအသောက် အသုံးအဆောင်များ ပေါများခြင်း။

ချစ်ခင်သူများ၍ ဘုန််းကံကြီးမားခြင်း ဘေးဥပါဒ်အန္တရာယ်များ မထိခိုက်နိုင်ခြင်း၊

အလုပ်အကိုင် ၊ အင်တာဗျူး ရာထူး၊ ကျန်းမာရေးကပ် ၊ စီးပွားရေးကပ်များနှင့် ရင်ဆိိုင်ကြုံတွေ့ နေကြရသော (၇) ရက် သား သမီးများ အတွက်အလွန်ကြီးမားသော မေတ္တာ စေတနာဖြင့် ကပ်ရောဂါများ ခံစားနေရချိန် အတွင်း လယ်တီဆရာတော်ဘုရားကြီးက ရေးသား စပ်ဆိုတော်မူခဲ့သည်ဟု သိရသည်။

2 comments:

Zaw Htet said...

ဘဒ္ဒကမ္ဘာမှ ဘုရား ငါးဆူ
ကကုသန်
‌ကောဏာဂုံ
ကဿပ
‌ဂေါတမ
အရိ‌မေ‌တ္တေယျ။

Zaw Htet said...

သုညကမ္ဘာနှင့် အသုညကမ္ဘာ ဟူ၍ နှစ်မျိုးးရှိသည်။
ဘုရားမပွင့်သောကမ္ဘာများကို သုညကမ္ဘာဟုခေါ်သည်။ ဘုရားပွင့်သော ကမ္ဘာများကို အသုညကမ္ဘာများဟုခေါ်သည်။