ကိုယ့်ကိုကိုယ် နိမ့်ချပြီး ဆက်ဆံတာက မင်္ဂလာတစ်ပါးလို့ ခံယူတဲ့ အကျင့်နှင့် လူတိုင်းအပေါ် စိတ်ကောင်းထားတဲ့ အကျင့်ဟာ ကောင်းမွန်ပေမဲ့ .. ဒါကို သူတို့ဆက်ဆံလို့ရတဲ့ပုံစံလို့ မှတ်ယူလာတာကတော့ တကယ့်ပြဿနာပဲ ။လေးစားရကောင်းမှန်းမသိ ၊ တန်ဖိုးမထားပဲ မထီးမဲ့မြင် အပြုမူတွေကို သည်းမခံနိုင်တဲ့အချိန် ကိုယ့်ဘက်ကတုန့်ပြန်တော့မှ အမြဲတမ်းကောင်းခဲ့တဲ့အရာတွေက အငွေ့ပျံသွားပြီး ကိုယ့်အပြစ်လို ထင်ကြတော့တာပဲ။ဒါကြောင့် ကိုယ်က ဘယ်လောက်ပဲ လူကောင်းဖြစ်ပါစေ ကိုယ့်ကိုကိုယ် နိမ့်ချပြီး ဆက်ဆံတတ်ပါစေ ဘယ်သူမှ ကျော်ခွလို့ မရတဲ့ ကိုယ့် boundaries ကတော့ ကိုယ်တိုင် သတ်မှတ်ထားမှရပါမယ်။ဘယ်ဆက်ဆံရေးမှာမဆို ကိုယ်ပေးနိုင်တာထက်ပိုပြီးတောင်းဆိုမှုတွေ လုပ်လာရင် ငြင်းတတ်ဖို့ အမြဲတမ်း သဘောကောင်းသူကြီး လုပ်မနေဖို့ သတိထားရမယ် ။ အပြန်လှန်မရှိပဲ တစ်ဖက်စောင်းနင်း ဖြစ်နေတဲ့ ဆက်ဆံရေးတွေက ကိုယ့် role ကိုယ် ချနေသလိုပဲ ။ သဘောကောင်းလို့ ရတယ် အပေါစား ဖြစ်လို့မရဘူး။ကိုယ်ကြိုးစားထားတဲ့ နေရာ ကိုယ်တည်ဆောက်ထားတဲ့ သိက္ခာတို့နဲ့ တူညီတဲ့ တန်တဲ့ အတိုင်းတာ ၊ဩဇာမျိုးကတော့ ကိုယ်တိုင်အပြည့်ဝ လွှမ်းမိုးထားသင့်တယ် ။ ဒါဟာ အတ္တလည်း မဟုတ်ဘူး ၊ မာနလည်း မဟုတ်ဘူး ။ မိမိကိုယ်ကို လေးစားမှုရှိတာပဲ ဖြစ်တယ် ။ကိုယ့်အပေါ်ဆို သည်းခံသူ ၊ သူ့ကိုယ်သူ နိမ့်ချပြီးနေထိုင်သူကိုလည်း . ဒါဟာ ကိုယ်ဆက်ဆံလို့ရတဲ့ ပုံစံလို့ မသတ်မှတ်လိုက်နဲ့ ။ကိုယ့်မို့လို့ သည်းခံတာ ၊ ကိုယ့်မို့လို့ သဘောကောင်းပေးတာဖြစ်တယ် ။ ဒါဟာ တချို့လူတွေအတွက်သူ့ဆီက ဘယ်တောမှ မရနိုင်မဲ့ အရာလည်းဖြစ်နိုင်သလို . သူဟာ သူ့နေရာ သူ့နယ်ပယ်မှာ သူများတွေမော်မကြည်ရဲလောက်အောင် ကြောက်ရသူလည်း ဖြစ်နိုင်တယ် ။ကိုယ့်ကို ဆက်ဆံတဲ့ သူ့ပုံစံဟာ ကိုယ့်အပေါ်ထားတဲ့ သူ့ရဲ့ မေတ္တာအတိုင်းတာနဲ့ပဲ ဆိုင်တယ် ။ လူတိုင်းက စျေးမပေါ ပါဘူး ။အလကားရတဲ့ မေတ္တာကလည်း လက်ခံသူ အသုံးမကျရင် ကုန်ခမ်း တတ်ပါတယ်။
Wednesday, September 18, 2024
Sunday, September 1, 2024
ဆယ်တော်မူဘုရား ဂါထာတော်
ကကုသန္ဓော ကောဏဂမနော
ကဿပေါ ဂေါတမော
မုနိဆယ်ထား ဆယ်တော်မူမြတ်စွာဘုရား
မေတ္တယျော ပဉ္စဗုဒ္ဓေါတေ
သိသေမေသန္တ သဗ္ဗဒါ
ဧတေသံ အာနုဘာဝေန
ရက္ခဒေဝါ မဟိဒ္ဓိကာ
သဗ္ဗေသုခိတာ ဟောန္တု
မေတ္တ သဟာယကာ။
ကဿပေါ ဂေါတမော
မုနိဆယ်ထား ဆယ်တော်မူမြတ်စွာဘုရား
မေတ္တယျော ပဉ္စဗုဒ္ဓေါတေ
သိသေမေသန္တ သဗ္ဗဒါ
ဧတေသံ အာနုဘာဝေန
ရက္ခဒေဝါ မဟိဒ္ဓိကာ
သဗ္ဗေသုခိတာ ဟောန္တု
မေတ္တ သဟာယကာ။
ဤဂါထာ၏ အနက် အဓိပ္ပါယ်သည်
ကကုသန်, ကောဏာဂုံ, ကဿပ, ဂေါတမ, အရိမေတ္တေယျ ဘုရား တို့ သည်
တပည့်တော်၏ ဦးထိပ်၌ အခါမပြတ်တည်တော်မူပါဘုရား။
ထို ဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တို့ကြောင့်
တန်ခိုးကြီးသောနတ်မင်း၊ တန်ခိုးကြီးသောဘီလူးမင်းများ အားလုံးတို့သည် ကျန်းမာချမ်းသာကြပါစေသတည်း
အကျွန်ုပ်တို့၏ ဆွေမျိူး ဉာတကာ မိတ်ဆွေအရာမှာ
တည်ကြပါစေသတည်း
အလုံးစုံသော သတ္တဝါတို့ သည် လည်း ထို ဘုရားတို့၏ တန်ခိုးတော်ကြောင့်
ချမ်းသာကြပါစေကုန်သတည်း။
Subscribe to:
Posts (Atom)
-
ကကုသန္ဓော ကောဏဂမနော ကဿပေါ ဂေါတမော မုနိဆယ်ထား ဆယ်တော်မူမြတ်စွာဘုရား မေတ္တယျော ပဉ္စဗုဒ္ဓေါတေ သိသေမေသန္တ သဗ္ဗဒါ ဧတေသံ အာနုဘာဝေန ရက္ခဒေဝါ မဟိဒ္ဓ...
-
You can add static route or persistent route on both OS. 1. On Windows (Static Route) # Route add 172.16.1.0 mask 255.255.255.0 192.168.10....