အဌာနမတေံ ဘိက္ခဝေ အန၀ကာသော။
ယံပရူပက္ကမနေ တထာဂတံ ဇီဝိတာ ဝေါရောပေယျ။
အနုပက္ကမနေ ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။
ဧတနေ သစ္စဝေဇ္ဇန သောတ္ထိမေ ဟောတု သဗ္ဗဒါ။
ယံပရူပက္ကမနေ တထာဂတံ ဇီဝိတာ ဝေါရောပေယျ။
အနုပက္ကမနေ ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။
ဧတနေ သစ္စဝေဇ္ဇန သောတ္ထိမေ ဟောတု သဗ္ဗဒါ။
အဌာနမေတံ ဘိက်ခဝေ အန၀ကာသော။
ယံပရူပက်ကမနေ တထာဂတံ ဇီဝိတာဝေါရောပေယျ။
အနုပက်ကမေနေ ဘိက်ခဝေ တထာဂတာ ပရိနိဗ်ဗာယန်တိ။
ဧတနေ သစ်စဝဇ်န သောတ္ထိ မေဟောတု သဗ္ဗဒါ။
ဂါထာတော်အနက်
ဘုရားရှင်တို့ မည်သည် သူတပါးတို့၏
လုံ့လ ပယောဂဖြင့် သေရိုး ထုံးစံမရှိ။
အချိန်တန်မှသာ အလိုအလျှောက်
ပရိနိဗ္ဗာန် စံတော်မူကြသည်။
ထိုဂါထာကို ရွတ်ဖတ်ပူဇော်နေသည့်ကာလအတွင်း
* မည်သို့သော အောက်လမ်းအတက်ပညာမှမပြုစား မနှောင့်ယှက်နိုင်ပါ။
* မိမိ၏ အသက်ကို မည်သူမျှ နှုတ်ယူခွင့် မရနိုင်ပါ။
* ကုသ၍မပျောက်နိုင်သော ရောဂါများကိုလဲ ထူးခြားစွာပျောက်ကင်းနိုင်ပါသည်။
* မိမိ၏ လာဘ်လာဘကိုလဲ မည်သူမျှ မတားဆီး မပိတ်ပင်နိုင်ပါ။
ရှိပြီးသားစည်းစိမ်ဥစ္စာတို့သည်လည်း မပျောက်ပျက်နိုင်ရာ။ လာဘ်လာဘတို့သည်လည်း ထူးခြားစွာပွင့်လင်းလာပါသည်။
* မိမိ၏ ဉာဏ်ပညာ (ကံ ဉာဏ် ဝီရိယ)တို့ကိုလည်း မည်သူမျှ မတားဆီး မပိတ်ပင်နိုင်ပါ။
* မိမိ၏ ရှိပြီးသော ကိုယ်လက်အင်္ဂါအစိတ်အပိုင်း (လက္ခဏာကြီးငယ် အသွယ်သွယ်)တို့ကိုလည်း မည်သူမျှ မဖျတ်ဆီးနိုင်ပါ။
အန္တရာယ်ကင်းစွာ နေရပါသည်။
ဆုတောင်း
ဤစကားသည်မှန်ပါတယ်...
ဤမှန်တဲ့သစ္စာစကားကြောင့်
ဤမှန်တဲ့သစ္စာရဲ့တန်ခိုးကြောင့်လည်းကောင်း
အဌာနမေတံ ရဲ့ တန်ခိုးကြောင့်လည်းကောင်း
အဌာနမတေံ ဂါထာကို
ရွတ်ဖတ်ပွားများရတဲ့ ကုသိုလ်ကောင်းမှုကြောင့်လည်းကောင်း
အဌာနမတေံ ဂါထာကို
စောင့်ရှောက်နေကြတဲ့နတ်များရဲ့တန်ခိုးတော်ကြောင့်လည်းကောင်း
အဌာနမေတံ ဂါထာ ကိုလာရောက်
နာယူကြတဲ့နတ်များရဲ့တန်ခိုးတော်ကြောင့်လည်းကောင်း
ယနေ့ ယခု ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုအစုစုတို့ရဲ့ တန်ခိုးတေဇောအာနုဘော်အရှိန်အဝါကြောင့်လည်းကောင်း
တပည့်တော်အခုလက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်း အနှောက်အယှက်အပိတ်အပင် အဟန့်အတား အန္တရာယ်ဆိုးတွေကနေ လွှတ်မြှောက်ပါစေ။
ဘုရားတပည့်တော်ကြုံတွေ့နေရတဲ့ အဆိုးတွေကနေလွှတ်မြှောက်ပါစေ..
No comments:
Post a Comment