သားကြီးအတွက် ကျေနပ်အားရနေဆဲမှာပင် သမီးအလတ်မက မိဘရင်ကျိုးအောင် စုံကန်ပြီး ထွက်သွားလေသည်။ မဖြစ်သင့်တာ မဖြစ်ရလေအောင် ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းနေတဲ့ကြားက သူ့သဘောနှင့်သူ အမိုက်ဇာတ်ခင်းသွားခြင်း ဖြစ်လေသည်။
ကန်ဇွန်းခင်း အမြောက်အများပိုင်ဆိုင်သော သူ့မိတ်ဆွေ လူကုံထံ တစ်ယောက်၏ သားနှင့် လက်ထပ်ပေးရန် စီစဉ်နေဆဲ အချိန်မှာပင် အလတ်မသည် ကွန်ပျူတာ ပရိုဂရမ်မာလေး တစ်ယောက်နှင့် ခိုးရာလိုက်ပြေးသွားသည်။
မိဘတွေရဲ့ အထက်တန်းလွှာ တံငါသည်မျိုးရိုး ဂုဏ်သိက္ခာ ကိုမှ မထောက်ထားပဲ ဘာမဟုတ်တဲ့ ကွန်ပျူတာပရိုဂရမ်မာ လေးကိုမှ ယူရကောင်းလားဆိုပြီး အမေလုပ်တဲ့သူက အမွေပြတ်ကြေညာ စွန့်လွှတ်ထားခဲ့လေသည်။
ဦးဆင်ပေါက်ကတော့ နည်းနည်းပျော့ပြောင်းချင်သည်။ စားကောင်းသောက်ဖွယ်များ စားရသောအခါ သမီးလတ်ကို သတိရမိ၏။ တစ်ခါတရံကျလျှင် သူတို့ရွာဘက်သို့ မြို့ကတက်လာသော ပျံကျ ကွန်ပျူတာသမား တစ်ယောက်တလေ ရောက်ရှိလာတတ်သည်။ ပစ္စည်းကိရိယာတွေ ထည့်ထားသော အိတ်ကြီးကို လက်ကဆွဲ နေပူကျဲကျဲမှာ ချွေးသံတရွှဲရွှဲ လျှောက်သွားရင်း...
"ကွန်ပျူတာတွေပြင်တယ်... ဟဒ်ဝဲတွေ အပ်ဂရိတ်လုပ်ပေးတယ်...နောက်ဆုံးပေါ် ဆော့ဖ်ဝဲတွေ တင်ပေးတယ်" ဟုအော်သွားသော အသံကို ကြားရတဲ့ အခါတိုင်း မြို့ပေါ်မှာ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့နေရရှာသော သမီးလတ်ကို မြင်ယောင်မိပြီး စိတ်မကောင်းဖြစ်ရသည်။
မင်းလူ ၏ "ဖူးစာရှင်ကို ရွေးတော့မည်" မှ ကူးယူဖော်ပြသည်။
အကျယ်ဆက်ဖတ်ရန်...
Subscribe to:
Post Comments (Atom)
-
Windows Server 2008 includes a feature called Network Connectivity Status Indicator (NCSI), which is part of a broader feature called Net...
-
Using VMware Update Manager is pretty easy for VMware patch update but I would like to share about how to update VMware ESX patch using comm...
-
ကကုသန္ဓော ကောဏဂမနော ကဿပေါ ဂေါတမော မုနိဆယ်ထား ဆယ်တော်မူမြတ်စွာဘုရား မေတ္တယျော ပဉ္စဗုဒ္ဓေါတေ သိသေမေသန္တ သဗ္ဗဒါ ဧတေသံ အာနုဘာဝေန ရက္ခဒေဝါ မဟိဒ္ဓ...
No comments:
Post a Comment